၂၀၂၅ ခုနှစ်၊ ဧပြီ ၅ ရက် နံနက် ၉ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သံသုမာလမ်းတွင် ထောက်ကြန့်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သို့ ယာဉ်မောင်း ဦးဇေယျာမြင့် မောင်းနှင်လာသော YBS-18 ယာဉ်အမှတ် YGN/2P-XXXX DAEWOO အမျိုးအစား (အစိမ်းရောင်)ယာဉ်သည် မောင်းနှင်လာစဉ် ဘရိတ်ရှူးငြိရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်း၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းနှင့် စည်ပင်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် YBS-18 ယာဉ်၏ တာယာ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးဇေယျာမြင့်အား မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။