Language: Myanmar English

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သရက်ညီနောင်ကျေးရွာရှိ ရော်ဘာမှိုင်းခံရုံ မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၀၇ နာရီ ၄၀ မိနစ်ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သရက်ညီနောင်ကျေးရွာရှိ ပိုင်ရှင်ဦးဝင်းအောင်၏ ၃၀x၅၀ ပေ၊ သွပ်မိုး၊ အုတ်ကာ ရော်ဘာမှိုင်းခံရုံ အဆောက်အအုံတွင် ရော်ဘာမှိုင်းအပူပေးရာမှ အပူချိန်များပြီး ရော်ဘာပြားများအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သထုံခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် ရှစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၀၈ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၃၀x၅၀ ပေ၊ သွပ်မိုး၊ အုတ်ကာ ရော်ဘာမှိုင်းခံရုံအဆောက်အအုံ နှစ်လုံး၊ ရော်ဘာပြား (၆၆၆) ပြားခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဝင်းအောင်အား သုဓမ္မဝတီနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။