၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် ည ၁၂ နာရီ ၃၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကလျာဏီရပ်ကွက်၊ ကလျာဏီ(၅)လမ်းရှိ ပိုင်ရှင် ဒေါ်သိန်းသိန်းမာ၏ ၁၅x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် ရေခဲသေတ္တာ မိန်းထုပ်အပူလွန်ကဲပြီး သွယ်တန်းထားသော ဝိုင်ယာကြိုးမှတစ်ဆင့် အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်သိန်းသိန်းမာအား ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။