Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ စကျင်ဝကျေးရွာတွင် သုံးဘီးယာဉ် တစ်စီး မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် နံနက် ၆ နာရီ ၅၆ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ စကျင်ဝကျေးရွာတွင် ယာဉ်မောင်း ဦးချစ်စမ်းအောင် မောင်းနှင်သော ယာဉ်အမှတ် MDY-15U/XXXX BAJAJ RE အမျိုးအစား သုံးဘီးယာဉ်သည် အင်ဂျင်ခန်း အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် သုံးဘီးယာဉ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးချစ်စမ်းအောင်အား အမရပူရမြို့နယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။