ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အားကစားကွင်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီတွင် (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) အားကစားပြိုင်ပွဲဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားကစားသမားများနှင့် ဘင်ခရာအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အားကစားကွင်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားပြိုင်ပွဲဖွင့်ပွဲ ကျင်းပပြုလုပ်သည့် မှတ်တမ်းဓာတ်ပုံ။