Language: Myanmar English

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ဈေးရပ်ကွက်၊ နယ်မြေ(၈)ရှိ နေအိမ်မီးလောင်မှု

    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ဈေးရပ်ကွက်၊ နယ်မြေ(၈)တွင် အိမ်ငှား ဦးပိုင်သွေးခန့် နေထိုင်သည့် ၂၇ x ၃၀ ပေ၊ RC နှစ်ထပ် နေအိမ် အောက်ထပ်ရှိ ၁၀ x ၁၂ ပေ အခန်းအတွင်း အပူပေးစက်(Heater) အသုံးပြုထားခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မူဆယ်ခရိုင်၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် ၁၀ x ၁၂ ပေ၊ အခန်း တစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဦးပိုင်သွေးခန့်အား မူဆယ်မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။