ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ဓားရှည်ကိုင်ဆောင်သွားလာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် ည ၉ နာရီတွင် တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက် နေစဉ် အေးသာယာမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျော်လေးကျော်လမ်းဆုံအရောက်၌ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့၊ ဆည်ခေါင်းကျေးရွာနေ ရဲဝင်းထွန်း(၂၀)နှစ်အား အရိုး/အသွား ၂၄ လက်မ၊ ဗျက် ၁ လက်မခန့်ရှိ ဓားရှည် တစ်ချောင်း ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အေးသာယာနယ်မြေရဲစခန်းမှ (ပ)၁၄/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
တောင်ကြီးမြို့နယ်၌ ဓားရှည်ကိုင်ဆောင်သွားလာသူ အမျိုးသား တစ်ဦးအား
သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။