မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်တွင် မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် တံတားဦးမြို့နယ်၊ မြင်းစိုင်းကျေးရွာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၀ မိုင် ၆ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှ မန္တလေးသို့ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်နေ အောင်ဘ(၃၃)နှစ် မောင်းနှင်ပြီး မမိုးသဉ္ဇာခင်(၃၉)နှစ် လိုက်ပါလာသည့် YGN-44 3P/XXXX Nissan Sunny N17 Saloon ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ တမာပင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယဉ်ပေါ်ပါ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ယာဉ်မောင်း အောင်ဘအား စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
တံတားဦးမြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ
သစ်ပင်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။