Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ မြို့တော်ဦးစာသင်တိုက်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/ အစားထိုးရွေးချယ်ပွဲအခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ မြို့တော်ဦးစာသင်တိုက်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ/ အစားထိုးရွေးချယ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ ရွေးချယ်ကြီးကြပ်ရေး ဆရာတော် သုံးပါး၊ ဦးဆောင်ကွပ်ကဲရေးဆရာတော် တစ်ပါး၊ မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော် ၂၅ ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်၊ ပြည်နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့တော်ဦးစာသင်တိုက်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်
 အနားယူ/ အစားထိုးရွေးချယ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည့် မှတ်တမ်းဓာတ်ပုံ။