Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမဘေးရှိ “ကန်သာယာ” ဈေးဆိုင်တန်း မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် ည ၁၂ နာရီ ၂၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမဘေးရှိ “ကန်သာယာ” ဈေးဆိုင်တန်းတွင် ပိုင်ရှင် ဦးလွင်ကြည်၏ ၈ x ၁၂ ပေ၊ သွပ်မိုး၊ အုတ်ညှပ် “နန်းတော်ဝင်” အပ်ချုပ်ဆိုင်ရှိ လျှပ်စစ်မီးအသုံးပြုရာ၌ ယာယီသွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုး အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ပဲခူးခရိုင်၊ မြို့နယ်မီးသတ်စခန်း၊ ဝေါမြို့နယ်မီးသတ်စခန်း၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းနှင့် ပျဉ်ပုံကြီးနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီ ၆ ရက် နံနက် ၁ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၈ x ၁၂ ပေ ဈေးဆိုင်ခန်း ရှစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် “နန်းတော်ဝင်” အပ်ချုပ်ဆိုင်ရှိ ဆိုင်ခန်းစောင့် ဦးရဲထွဋ်ဦးအား ဘုရားကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။