၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ည ၁၁ နာရီ ၅၅ မိနစ်တွင် တောင်ကြီးနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရောင်ခြည်လမ်းပေါ်၌ အဆိုပါရပ်ကွက်နေ ဆန်းဦး(၄၂)နှစ်အား တွေ့ရှိစစ်ဆေးခဲ့ရာ ၎င်း၏ခါးကြားအတွင်းမှ အရိုးအသွား ၁၃ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား သိမ်းဆည်းရမိခဲ့သဖြင့် ဆန်းဦးအား တောင်ကြီးနယ်မြေရဲစခန်း(ပ)၂၈/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာသူ အမျိုးသားနှင့် သက်သေခံပစ္စည်း မှတ်တမ်းဓာတ်ပုံ။