Language: Myanmar English

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

       ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ စိုက်/သိပ္ပံကျောင်းရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ သထုံမြို့မရဲစခန်းတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့မှ ဘီးလင်းမြို့သို့ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်နေ အောင်မျိုးသူ(၃၄)နှစ် မောင်းနှင်လာသည့် YGN-20 5H/XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် သက်သေခံအထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် အောင်မျိုးသူအား သထုံမြို့မရဲစခန်း(ပ)၁၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။