၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာအနီးရှိ ဦးချောက်၏ နေအိမ်တဲကို ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ ဒေသကာလတန်ဖိုး ၁၀၅ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀၀ ပြားနှင့် ဘိန်းစိမ်း သုည ဒသမ ၀၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ဦးချောက်(၅၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါး
ကက်တမင်းများနှင့်အတူ တွေ့ရစဉ်။