Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၄၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် SCANIA အမျိုးအစား EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ဒေါ်လှလှရီ၏ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား (တစ်ပြားလျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် သိန်း ၄၅၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဖေဖော်ဝါရီ ၇ ရက် နံနက် ၆ နာရီ ၅၀ မိနစ်တွင် မဟန်နီထွန်း(ခ)ကရင်မအား ရေတာရှည်မြို့နယ်၊ သာဂရမြို့၊ ဆင်စုရပ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်လှလှရီ(၆၃)နှစ်နှင့် မဟန်နီထွန်း(ခ)ကရင်မ(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။