၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာအနီးတွင် စိုးစိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ ဘိန်းစိမ်း ၆ ဒသမ ၂ ကီလို( တစ်ကီလိုလျှင် ၁၂ သိန်းနှုန်းဖြင့် ဒေသကာလတန်ဖိုး ၇၄ ဒသမ ၄ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် စိုးစိုး(၅၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ပြစ်မှုူကျူးလွန်သူအား သိမ်းဆည်းရမိသည့် ဘိန်းစိမ်းများနှင့်အတူ တွေ့ရစဉ်။