Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၄၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း တောင်မှ မြောက်သို့ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်နေ ကျော်သက်ဦး(၂၄)နှစ် မောင်းနှင်လာသည့် YGN-36 7F-XXXX TOYOTA ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ  လမ်းဖြတ်ကူးသူ လှိုင်မြို့နယ်၊ (၈)ရပ်ကွက်နေ ဦးစေလ်ဝရာချ်(၆၅)နှစ်အား ဝင်ရောက်တိုက်မိခဲ့ပြီး ဦးစေလ်ဝရာချ်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် ကျော်သက်ဦးအား ပိတောက်ချောင်းနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။