Language: Myanmar English

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ လမ်းနယ်နိမိတ် အတွင်း ကျရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် မိုးနဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ လမ်းနယ်နိမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ လမ်းနယ်နိမိတ်အတွင်း ကျရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။