Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာဈေးဝင်း၊ (ဌ)ရပ်ကွက်တွင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၃ နာရီ ၄၄ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာဈေးဝင်း၊ (ဌ)ရပ်ကွက်ရှိ ဆိုင်တာဝန်ခံ ဦးနိုင်လင်းဦး၏ ၁၄ x ၄၅ ပေ၊ RC နှစ်ထပ် “TEM” လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင်  ရေခဲသေတ္တာအား Safe Guard မခံဘဲ တိုက်ရိုက် အသုံးပြုရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဥက္ကလာပ မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် ၁၄ x ၄၅ ပေ၊ RC နှစ်ထပ် အဆောက်အအုံ သုံးလုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ဆိုင်တာဝန်ခံ ဦးနိုင်လင်းဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။