၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမြန်လမ်းမကြီးတစ်လျှောက် လှည့်ကင်းဆောင်ရွက်နေစဉ် အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၈ မိုင် ၁ ဖာလုံအနီးအရောက် အုတ်တွင်း-ပေါက်ခေါင်း ကားလမ်းအတိုင်း အုတ်တွင်းမှ ဗောဓိကုန်းကျေးရွာသို့ အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၂)ရပ်ကွက်နေ စိုးဉာဏ်လင်း(၃၉)နှစ် မောင်းနှင်လာသည့် YGN 2L/XXXX Honda Fit ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသောကြောင့် စိုးဉာဏ်လင်းအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း (ပ)၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။