၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရာဂီမုန်တိုင်းကြောင့် မြေနေရာများ ပျက်စီးခဲ့သည့် ခေါင်းနွဲ့ကျေးရွာရှိ သဘာဝဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ KBZ Group မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သဘာဝဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် မြေနေရာများ ပျက်စီးခဲ့သည့် ခေါင်းနွဲ့ကျေးရွာအုပ်စု၊ ခေါင်းနွဲ့ကျေးရွာ ပြန်လည်နေရာချထားပေးနိုင်ရေး မြေနေရာရွေးချယ်ရာတွင် အသုံးပြုရန်အတွက် KBZ Group မှ ထောက်ပံ့သော ကျပ် ၁,၈၁၃ သိန်းကို ကျေးရွာရှိ ဘေးသင့်ပြည်သူများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။