Language: Myanmar English

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့် ဆောင်ရွက်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။ 
     အဆိုပါအသိပညာပေးဟောပြောပွဲတွင်  မီးလောင်ခြင်းအကြောင်းအရင်းများနှင့် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးပစ္စည်းများအား စနစ်တကျ ကိုင်တွယ်ငြှိမ်းသတ်နိုင်ရေးနည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)မီးငြှိမ်းသတ်နည်း၊ ဆီ မီးငြှိမ်းသတ်နည်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်တပ်ဆင်ထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အသင့်ထားရှိမှုနည်းလမ်းများအား ဘိုကလေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင်မှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။