၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မင်းကွက်(၁)ရပ်ကွက်၊ တာပွန်လမ်းရှိ ပိုင်ရှင် ဒေါ်မွန်မွန်ကျော်၏ ၃၀ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ပျဉ်အကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေါင်းတည်မြို့နယ်မီးသတ်စခန်း၊ နတ်တလင်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၃၀ x ၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ ၁၅ x ၁၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် နှစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်မွန်မွန်ကျော်အား ပေါင်းတည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။