၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သုံးမြှောင့်ချွန်စကေဘာ ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ၁၄၅ လမ်းနှင့် ၁၄၆ လမ်းကြားအရောက်၌ နတ်ရေကန်ကျေးရွာနေ ကျော်ကျော်စိုး (ခ)ငပိန်(၁၉)နှစ်အား အရိုး/အသွား ၁၂ လက်မခန့်ရှိ သုံးမြှောင့်ချွန်စကေဘာ တစ်ချောင်းနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် ကျော်ကျော်စိုး(ခ)ငပိန်အား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၂၅/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ သုံးမြှောင့်ချွန်စကေဘာ ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။