Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေမြိုင်ခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

        ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေမြိုင်ခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    အဆိုပါအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အခွန်(၄)မျိုး လျာထားချက်ပြည့်မီအောင် ကောက်ခံနိုင်ရေးနှင့်ပတ်သက်၍ တွန်းအားပေး ကြပ်မတ်ဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။