Language: Myanmar English

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများ လုံခြုံအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး ကွင်းဆင်းစစ်ဆေး

       ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ၆၂ ကျောင်းရှိ ကျောင်းသား/ကျောင်းသူ ၄၁၃၂ ဦးတို့၏ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲအား လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းများအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းစေရေးတို့ အတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်မီးကပ်များထားရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။