၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တို့၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းခင်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဖျက်ဆီးရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပိန်းအွတ်ကျေးရွာအနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း တစ်ဧကခန့်အားလည်းကောင်း၊ ကျေးရွာအနောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် တစ်ပေခွဲခန့်ရှိ ဘိန်းခင်း ငါးဧကခန့်အားလည်းကောင်း ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ လွယ်ဆမ်စစ်ကျေးရွာအရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ၁၄ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။