Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန်ဓားရှည်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

       ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ဓားရှည်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမရပူရမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မှန်တန်းရပ်ကွက်လမ်းပေါ်၌ အဆိုပါရပ်ကွက်နေ အေးမင်းထွေး(ခ)အေးမျိုးမင်းလှိုင်(၂၃)နှစ် မောင်းနှင်လာသည့် MDY-12 7D/XXXX Mark-II အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ရှေ့ခန်းအတွင်းမှ အရိုး/အသွား ၂၈ လက်မခန့်ရှိ ဓားဦးချွန်ဓားရှည် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အေးမင်းထွေး(ခ)အေးမျိုးမင်းလှိုင်အား အမရပူရမြို့မရဲစခန်း(ပ)၃၂/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန်ဓားရှည်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။