၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာအုပ်စု၊ ဖားလျှန့်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ အမြင့်နှစ်ပေခွဲခန့် ဘိန်းခင်းသုံးဧကခန့်နှင့် မိုင်းပန်အောက်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ အမြင့်တစ်ပေခန့် ဘိန်းခင်းငါးဧကခွဲခန့်တို့အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျိုင်းတုံမြို့နယ်၌ ဘိန်းခင်းများဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။