Language: Myanmar English

မီးသတ်ဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိသော ကန်စောင့်ကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းမှု

  မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ သောက်သုံးရေလိုအပ်လျက်ရှိသော နေရာဒေသများသို့ မီးသတ်ဦးစီးဌာနအနေဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိပါသည်။ 
     ထိုသို့လှူဒါန်းဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီးအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်၊ ကန်စောင့်ကျေးရွာသို့ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရေသယ်ယာဉ် တစ်စီးဖြင့် သောက်သုံးရေ ၃၂၀၀ ဂါလန်အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။