Language: Myanmar English

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ(၈)ရှိ နေအိမ်မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁ နာရီ ၅၅ မိနစ်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ နယ်မြေ(၈)ရှိ ပိုင်ရှင် ဦးမောင်မြတ်၏ ၂၄ x ၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အုတ်ညှပ် နှစ်ထပ် နေအိမ်တွင် လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲရာမှ အနီးရှိ အထပ်သားနံရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၄ x ၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အုတ်ညှပ် နှစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမောင်မြတ်အား မြစ်ကြီးနားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။