Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ စက္ခုဒါနထာဝရ အလင်းရအောင် ကုသိုလ်ဖြစ်ကနဦးစစ်ဆေးပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မျက်စိဌာန၌ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တပညာဇောတ၏ ဩဝါဒခံယူ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အနန္တစေတနာဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် တောင်တွင်းကြီး မြို့နယ်မှ အမြင်အာရုံချို့တဲ့သူ ၁၀၅ ဦးအား စက္ခုဒါနထာဝရ အလင်းရအောင် ကုသိုလ်ဖြစ်ကနဦး စစ်ဆေးပေးနေမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။