၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်းအင်အား ၁၂၀ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ၂၀,၀၀ဝ ကျပ်နှုန်းဖြင့် လူဦးရေ ၆၉၄ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ ၁၃,၈၈၀,၀၀ဝ ကျပ် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။