၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၌ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ နောင်ဟိုင်းကျေးရွာတောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ခြောက်ဧကခန့်နှင့် နောင်ဟိုင်းကျေးရွာအနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း ခြောက်ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းပျဉ်းမြို့နယ်၊ ပိန်းမုံ (နားညွှန့်)ကျေးရွာအနောက်မြောက်ဘက် ၃ မိုင်ခွဲခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း သုံးဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ ငါးဟေရွာသစ်ကျေးရွာအရှေ့ မြောက်ဘက် ၆ ဖာလုံခန့်အကွာ၌ အမြင့် တစ်ပေခန့်ရှိ ဘိန်းခင်း တစ်ဧကခန့်အားလည်းကောင်း၊ ငါးဟေရွာသစ်ကျေးရွာမြောက်ဘက် ၇ ဖာလုံခန့်အကွာ၌ အမြင့် တစ်ပေခန့်ရှိ ဘိန်းခင်း တစ်ဧကခွဲခန့်နှင့် ငါးဟေရွာသစ်ကျေးရွာအနောက်မြောက်ဘက် ၆ ဖာလုံခန့်အကွာ၌ အမြင့် တစ်ပေခန့်ရှိ ဘိန်းခင်း နှစ်ဧကခန့်တို့အားလည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
