၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်းရပ်ကွက်၊ ကွက်သစ်နယ်မြေ(၈)ရှိ ပိုင်ရှင် ဦးအောင်မိုး၏ ၁၆ x ၂၄ ပေ၊ နံကပ်နှစ်ထပ် နေအိမ်၏ အပေါ်ထပ်တွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိမွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိတ္ထီလာခရိုင်/ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၁၀ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၆ x ၂၄ ပေ၊ နံကပ်နှစ်ထပ် နေအိမ် တစ်လုံး၊ ၃၀ x ၃၀ ပေ၊ နံကပ်နှစ်ထပ် နေအိမ်၏အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်မိုးအား မိတ္ထီလာမြို့၊ အမှတ်(၁)ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။