Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

      ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်လမ်းဆုံ၌ ဒက္ခိဏသီရိမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ပိတ်ဆို့စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် အင်ဘုမီးပွိုင့်မှ ရန်အောင်မြင်လမ်းဆုံသို့ လယ်ဝေးမြို့နယ်၊ (၇)ရပ်ကွက်နေ သော်ဇင်ထူး(၃၂)နှစ် မောင်းနှင်လာသည့် YGN-22 5J/XXXX HONDA Fit ယာဉ်အား စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် သော်ဇင်ထူးအား ဒက္ခိဏသီရိမြို့မရဲစခန်း (ပ)၁၁/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး 
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။