၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံး မြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ လိုက်ကန်ကျေးရွာအရှေ့မြောက်ဘက် ၁ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့် ဘိန်းခင်း ၁၀ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။