၂၀၂၅ ခုနှစ်၊ မတ် ၆ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျိုက်ထိုမြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ နှစ်ထပ် ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် အဝီစိတွင်းတူးဖော်သည့်လုပ်ငန်းပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။