Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စု၊ တာဆုံရပ်ကွက်ရှိ နေအိမ် မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ မတ် ၇ ရက်နေ့၊  နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စု၊ တာဆုံရပ်ကွက်ရှိ အိမ်ငှား ဦးမြင့်မြတ်အောင်၏  ၁၅ x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တွင် လူစောင့်မရှိဘဲ လျှပ်စစ်မီးလုံးဖွင့်ထားခဲ့ရာမှ ပလပ်ခုံအပူ လွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၁၅ x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဦးမြင့်မြတ်အောင်အား ဖောင်ကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။