Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိ

    ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊  ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၅၇ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား အေးသုခလမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၂)ရပ်ကွက်နေ ရဲဝင်းညို(၃၅)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ခန့်သူအောင်(၂၁)နှစ် လိုက်ပါလာသော 7P-XXXX FUSO ဆီဘောက်ဆာ ၂၂ ဘီး မော်တော်ယာဉ်သည် ဒိုက်ဦးမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ စက်ရုံဝန်ထမ်းအား ရပ်တန့်တင်ဆောင်နေသည့် ကျိုက်နောက်ကျေးရွာနေ သူရိန်လင်း(၂၉)နှစ် မောင်းနှင်သော 4C-XXXX MITSUBISHI FUSO အမျိုးအစား စက်ရုံဝန်ထမ်းကြို/ပို့ မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် စက်ရုံဝန်ထမ်းဖြစ်သူ သာယာကုန်းကျေးရွာနေ မနီလာဝင်း(၂၁)နှစ်၊ သူရိန်လင်းနှင့် ရဲဝင်းညိုတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ရဲဝင်းညိုအား အေးသုခနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။