၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်(ကျွန်းဆွယ်ရပ်)၊ ကန်ပတ်လမ်းရှိ ပိုင်ရှင် ဒေါ်မာထွေး၏ ၁၀ x ၇ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဘေးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀ x ၇ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်မာထွေးအား မုံရွာမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။