Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၈၄/ ၅၊ သီးကုန်းတိုးဂိတ်အနီး မော်တော်ယာဉ် တစ်စီး မီးလောင်မှု

    ၂၀၂၅ ခုနှစ်၊ မတ် ၉ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင်အမှတ်၂၈၄/ ၅၊ သီးကုန်းတိုးဂိတ်အနီးတွင် ယာဉ်မောင်း ရဲရင့်သူ မောင်းနှင်သော ယာဉ်အမှတ် NPW-4/ 8P-XXXX I-ZONE အဖြူရောင် မော်တော်ယာဉ်သည် အိတ်ဇောမှ မီးပွားလွင့်စင်ပြီး ယာဉ်ပေါ်ရှိ မွေ့ယာဆက်တီခုံပေါ်သို့ကျရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်း၊ မိတ္ထီလာမြို့နယ်မီးသတ်စခန်းနှင့် မိတ္ထီလာနယ်မြေ(၂)မီးသတ်စခန်းတို့မှ  မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် ယာဉ်အမှတ် NPW-4/ 8P-XXXX I-ZONE အဖြူရောင် မော်တော်ယာဉ်၏ ဦးခေါင်းပိုင်း ဝါယာရိန်းအားလုံးနှင့် ဆက်တီခုံ နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ရဲရင့်သူအား မိတ္ထီလာမြို့နယ်၊ သီးကုန်းအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။