Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ကံ့ကော်ပင်ပေါ်တွင်ညပ်နေသူ အမျိုးသမီးငယ် တစ်ဦးအား ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှု

      ၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက်  နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ အမြင့် ၃၀ ပေ၊ လုံးပတ် ၅ ပေခန့်ရှိ ကံ့ကော်ပင်ပေါ်တွင် အမျိုးသမီးငယ် တစ်ဦး ကံ့ကော်ပန်းတက်ခူးရာမှ သစ်ပင်ခွကြားတွင် ဒူးခေါင်းညပ်နေကြောင်း သတင်းရရှိသဖြင့် ထားဝယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းရှင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။