၂၀၂၅ ခုနှစ်၊ မတ် ၁၀ ရက် ညနေ ၄ နာရီခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ သီရိရတနာလမ်းတွင် တောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥတ္တရသီရိမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။