Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ဓမ္မဗိမာန်၌ မြန်မာ့ယဉ်ကျေးမှုဓလေ့ သနပ်ခါးသွေးနှင့် လိမ်းခြယ်မှုပြိုင်ပွဲအခမ်းအနားကျင်းပ

      ၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ဓမ္မဗိမာန်၌ မြန်မာ့ယဉ်ကျေးမှုဓလေ့သနပ်ခါးသွေးနှင့် လိမ်းခြယ်မှုပြိုင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကဲဖြတ်ဒိုင် အဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြပါသည်။
    အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ အက အဖွဲ့များမှ သနပ်ခါးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်နေမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး အနိုင်ရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။