၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက် နံနက် ၁၀ နာရီတွင် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ ဘူတာလမ်းဆုံမီးပွိုင့်အနီး၌ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကလေး)မှ တပ်ဖွဲ့ဝင်များ၊ ကလေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ဗိုလ်ချုပ်လမ်းအတိုင်း အနောက်မှအရှေ့သို့ ဖလမ်းမြို့၊ ကျင်မွှာလ်ရပ်ကွက်နေ ကျုံးဆောန်ထန်း(၃၉)နှစ် မောင်းနှင်လာသည့် MDY-15 1M/XXXX Hijet အဖြူရောင်မော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ကျုံးဆောန်ထန်းအား ကလေးမြို့မရဲစခန်း (ပ)၄၂/ ၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ညနေ ၃ နာရီ ၅၀ မိနစ်တွင် မုံရွာမြို့နယ်၊ ကန်သာဦးရပ်ကွက်၊ ပြည်ထောင်စုလမ်း၌ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် သလ္လာရပ်ကွက်နေ သန်းဇော်မြင့်(၅၁)နှစ်မောင်းနှင်သည့် YGN-17 1K/XXXX MARK II အဖြူရောင်မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် သန်းဇော်မြင့်အား မုံရွာမြို့မရဲစခန်း (ပ)၅၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။