၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက် ည ၂ နာရီခန့်က မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာရှိ ပိုင်ရှင် ဒေါ်ချိုချိုဝင်း၏ ၁၀၀x၂၀ ပေ၊ ဓနိမိုး၊ ဓနိကာ မြေစိုက်နေအိမ်တွင် သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုးမှ အပူလွန်ကဲပြီး အနီးရှိဓနိများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေးမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် သုံးစီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၀၀x၂၀ ပေ၊ ဓနိမိုး၊ ဓနိကာ မြေစိုက်နေအိမ်တစ်လုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း တစ်ထပ်နေအိမ် တစ်လုံး၊ ၂၀x၂၀ ပေ၊ ဓနိမိုး၊ ဓနိကာ မြေစိုက်နေအိမ် တစ်လုံး စုစုပေါင်း နေအိမ် သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်ဒေါ်ချိုချိုဝင်းအား ရေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။