Language: Myanmar English

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဖိုးရာဇာလမ်းရှိ ဂိုဒေါင်မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဖိုးရာဇာလမ်းရှိ ပိုင်ရှင် ဦးဆန်ကြာ၏ ၁၅x၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ မြေစိုက်ဂိုဒေါင်တွင်သွယ်တန်းထားသော လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲပြီး အနီးရှိအဝတ်အထည်ထည့်ထားသော စက္ကူဖာများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုင်းရှူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် သုံးစီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၅မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၁၅x၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာမြေစိုက်ဂိုဒေါင် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဆန်ကြာအား မိုင်းရှူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။