၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက် ည ၉ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ငသက်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၃၂၀/၁)နှင့် (၃၂၀/၂) ကြားတွင် မန္တလေးမှ ရန်ကုန်သို့ ယာဉ်မောင်း သန်းဇော်ဦး မောင်းနှင်လာသော ယာဉ်အမှတ် HMK-XXXX ယာဉ်အမျိုးအစား HCMG ယန္တရား(၁၀)ဘီး(အဝါရောင်)ယာဉ်သည် အင်ဂျင်ခန်းအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်း၊ လျှော်ပင်နယ်မြေမီးသတ်စခန်းနှင့် မိတ္ထီလာမြို့နယ်၊ စက်မှုဇုံအရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ယာဉ်ခေါင်းခန်းအတွင်းရှိ ထိုင်ခုံ(ဆိုဖာ)နှင့် ဝိုင်ယာကြိုးများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း သန်းဇော်ဦးအား ဝမ်းတွင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။