၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက် နံနက် ၉ နာရီခန့်က ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၂)ရပ်ကွက်ရှိ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တိုက်နယ်ဆေးရုံအဟောင်း တစ်ထပ်ဆောင် တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သတင်းရရှိသဖြင့် ကျီခါးနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။