၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ တောင်သာကျေးရွာ၌ အမျိုးသား တစ်ဦး အရက်သေစာ သောက်စားမူးယစ်ပြီး ဓားကိုင် သောင်းကျန်းနေကြောင်း သတင်းအရ ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျေးရွာလမ်းပေါ်၌ အဆိုပါကျေးရွာနေ ပြည့်ဖြိုးအောင်(၃၄)နှစ်အား အရိုးအသွား ၁၇ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းဖြင့် ကိုင်ဆောင်ရမ်းကားနေသည်ကို စစ်ဆေးတွေ့ရှိရသောကြောင့် ပြည့်ဖြိုးအောင်အား ပျဉ်းမနားမြို့မရဲစခန်း (ပ)၅၂/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားသည့် မှတ်တမ်းဓာတ်ပုံ။